နယ်သာလန်သို့ သွားရောက်လေ့ကျင့်ပြီး ယုံကြည်မှုတွေပြန်လည်တည်ဆောက်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်

2022 ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်ခဲ့သည့် မန်ချက်စတာယူနိုက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျေဒန်ဆန်ချိုသည် လက်ရှိအချိန်တွင် အားလပ်ရက်များကို ဖြတ်သန်းနေရသော်လည်း သူဟာ နယ်သာလန်သို့သွားရောက်ပြီး ယုံကြည်မှုဆွေပြန်လည်တည်ဆောက်ဖို့ တစ်ကိုယ်ရည်လေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိသည်။

သူဟာ နယ်သာလန်အပျော်တမ်းကလပ်ဖြစ်တဲ့ ရို့စ်မာလန်အသင်းသို့ သွားရောက်ကာ လေ့ကျင့်ခန်းများ ပြုလုပ်နေတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားသည်။

ဆန်ချိုဟာ မနှစ်ကဘောလုံးရာသီတွင် ဒေါ့မွန်အသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သော်လည်း ယူနိုက်တက်တွင် ရုန်းကန်ခဲ့ရပါသည်။

သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ အစောပိုင်းနေ့ရက်များဟာ ခက်ခဲခဲ့ပြီး ၊ ပြီးခဲ့တဲ့ရာသီဝက်တွင် ပုံစံကောင်းများ ဆက်တိုက်ပြသနိုင်ခဲ့သော်လည်း ယခုရာသီအစမှာကတည်းက တန်ဟဂ်လက်အောက်တွင် ရုန်းကန်နေရသည်။

ယခုရာသီတွင် သူသည် လိဂ်ပွဲ 10 ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး 2 ဂိုးနှင့် ဂိုးဖန်တီးမှု 1 ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပြီး စိတ်ပျက်ဖွယ်ကောင်းတဲ့ ရာသီဝက်ကို ဒဏ်ရာပြဿနာများနှင့်အတူ ဖြတ်သန်းခဲ့ရပါတယ်။

ဒါကြောင့်ဘဲ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမကစားရတဲ့ ယူနိုက်တက်ကစားသမားအားလုံးဟာ လာမည့်ရက်သတ္တပတ်တွင် အသင်းနှင့် လာရောက်ပူးပေါင်းရ

မည်ဖြစ်သော်လည်း ဆန်ချိုဟာ သူ့ရဲ့အားလပ်ရက်မှာကတည်းက နယ်သာလန်မှာ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားနေပြီဖြစ်သည်။

လာမည့်ရာသီဝက်မှာတော့ ယူနိုက်တက်တို့ မျှော်လင့်တကြီးခေါ်ယူခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မွန်က ခြေစွမ်းမျိုးတွေ ပြန်လည်ပြသနိုင်ပြီး ပွဲထွက်ခွင့်တစ်နေရာအတွက် ပြန်လည်တိုက်ပွဲဝင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။

Leave a Reply

Your email address will not be published. Required fields are marked *