မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် သရဲနီပရိသတ်တွေကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တရားဝင်လမ်းခွဲခဲ့ပြီးနောက်၊ ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အနေနဲ့ မန်ယူအသင်းနဲ့ ပရိသတ်တွေအပေါ် ချစ်ခင်နေဆဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အင်တာဗျုးပြီးနောက် အခုလိုမျိုးပဲ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ စာချုပ်သက်တမ်းဟာ ခုနှစ်လကျန်ရှိနေသေးပေမယ့်၊ စာချုပ်ပါ သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့တာကြောင့် လျော်ကြေးငွေတော့ ရရှိမာ မဟုတ်ပါဘူး။

ရော်နယ်ဒိုရဲ့ လမ်းခွဲမယ့်ကိစ္စကို ယူနိုက်တက်အသင်းဘက်က “ နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီမှုအရ ခရစ္စတီယာနိုဟာ မန်ယူအသင်းကနေ ထွက်ခွာတော့မာ ဖြစ်တယ်။ အိုးထရက်ဖို့ဒ်မှာ ကာလနှစ်ခုအထိ ရှိခဲ့ပြီး ၃၄၆ ပွဲမှာ ၁၄၅ ဂိုး သွင်းယူခဲ့ကာ ကြီးမားတဲ့ ပါဝင်ပတ်သက်မှုရှိခဲ့တဲ့အပေါ် အသင်းက သူ့ကို ကျေးဇူးတင်ပါတယ်။ အနာဂါတ်မှာ သူနဲ့ သူ့မိသားစု အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်။ မန်ယူအသင်းက လူတိုင်းဟာ နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက်မှာ အသင်းရဲ့ တိုးတက်မှုအပေါ် ဆက်လက်အာရုံစိုက်လျက်ရှိပြီး၊ ကွင်းထဲမှာ အောင်မြင်မှု  ရဖို့အတွက် အတူကြိုးစားနေကြပါတယ် ” လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုကလည်း “ မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်၊ စာချုပ်ကို စောစောစီးစီး ဖျက်သိမ်းဖို့ ကျွန်တော်တို့ အပြန်အလှန်သဘောတူညီခဲ့ပါတယ်။ မန်ယူအသင်းကို ကျွန်တော် ချစ်တယ်၊ ပရိသတ်တွေကို ကျွန်တော် ချစ်တယ်၊ ဒီအရာဟာ  ဘယ်တော့မှ ပြောင်းလဲသွားမာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်ရှာဖွေဖို့ သင့်တော်တဲ့ အချိန်ဖြစ်ပြီလို့ ထင်ပါတယ်။ လက်ကျန်ရာသီဝက်နဲ့ နောက်အနာဂါတ်တွေမှာ အောင်မြင်မှုအားလုံး ရရှိဖို့အတွက် အသင်းကို ကျွန်တော် ဆုတောင်းပေးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *