ဂါနာချိုကို လက်ရှိလစာရဲ့ ဆယ်ဆဖြင့် စာချုပ်သစ် ချုပ်ဆိုတော့မည့် မန်ယူနိုက်တက်

ဥရောပအင်အားကြီး ကလပ်များစွာရဲ့မျက်စိကျခြင်းကို ခံနေရသည့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တိုင်းနားလူငယ်ကြယ်ပွင့် Garnacho အား မန်ချက်စတာယူနိုက်တက်အသင်းသည် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ယခုရာသီစတင်ကတည်းက ဆွေးနွေးမှုတွေစတင်ပြုလုပ်ထားကြောင်း သတင်းတွေကဖော်ပြထားသည်။

မန်ချက်စတာယူနိုက်တက်သည် ၎င်းတို့လူငယ်ကြယ်ပွင့် Garnacho အားအသင်းရဲ့ အနာဂတ်မှာအဓိကအရေးပါတဲ့ ကစားသမားအဖြစ်သတ်မှတ်ထားပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ရန်အတွက် June လ ကတည်းကဆွေးနွေးနေခဲ့တာဖြစ်ပြီး မကြာခင် ကစားသမားနဲ့ သဘောတူညီမှုရလိမ့်မယ်လို့ ယုံကြည်လျက်ရှိကြောင်း နာမည်ကျော်သတင်းထောက် Fabrizio Romano က ဖော်ပြလာခဲ့ပါသည်။

ဂါနာချိုဟာ လက်ရှိအချိန်တွင် မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ ပေါင် 5,000 သာ ရရှိနေပြီး စာချုပ်သစ်သာချုပ်ဆိုနိုင်ခဲ့ပါက ဂါနာချိုသည် ယူနိုက်တက်တွင် တစ်ပတ်လုပ်ခလစာ ပေါင် 50,000 ထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဂါနာချိုသည် ယခုရာသီမှာ ယူနိုက်တက်အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး စီနီယာကစားသမားအချို့ ခြေစွမ်းမပြသနိုင်တဲ့အချိန်မှာပွဲထွက်ခွင့်တွေရရှိလာပြီး သူဟာပြိုင်ပွဲအရပ်ရပ် 5 ပွဲတွင် သွင်းဂိုး 2 ဂိုးနှင့် ဂိုးဖန်တီးမှု 2 ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ယခုချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါနာချိုကို ခေါ်ယူရန်ကြိုးပမ်းနေတဲ့ ဥရောပအသင်းများစွာရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ဖျက်ရန်အတွက် လစာငွေများပြားတဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားလာပြီး အသင်းမှာ ဆက်ထိန်းသွားဖို့ ပြင်ဆင်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *