ဟာလန်းလက်သစ်ကို လာမယ့်အပြောင်းအရွှေ့မှာ အရခေါ်ယူဖို့စီစဉ်နေတဲ့ ယူနိုက်တက်

ဟာလန်းလက်သစ်ကို လာမယ့်အပြောင်းအရွှေ့မှာ အရခေါ်ယူဖို့စီစဉ်နေတဲ့ ယူနိုက်တက်

2023 မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်ကို ဘယ်သူ ဦးဆောင် မလဲ ဆိုတာကတော့ လက်ရှိအချိန်မှာ အားလုံးက မှန်းဆနေဆဲပါပဲ။ မကြာသေးမီက Telegraph မှဖော်ပြချက်အရ အဲရစ်တန်ဟတ်ဟာ ရော်နယ်ဒိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီး သူ့ရဲ့တောင်းဆိုမှုကို ပြောင်းခဲ့သည်ဟု အခိုင်အမာဆိုထားသည်။

ESPNက တန်ဟတ်ဟာ ရော်နယ်ဒိုကိုရောင်းချမယ်လို့ ‌သတင်းပေးခဲ့ပေမယ့် နယ်သာလန်နည်းပြဟာထိုကဲ့သို့ ယုံကြည်စိတ်ချရသော ဂိုးသွင်းနိုင်သူအား ဖယ်ရှားမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ရော်နယ်ဒိုဟာ တန်ဟတ်ရဲ့ ဦးစားပေး မဟုတ်ပါဘူး။

ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့နှစ်ဦးစလုံးဟာ လက်ရှိမှာ ရော်နယ်ဒိုထက် ပိုပြီးပွဲထွက်ခွင့်ရနေပါတယ်။ ဒါပေမယ့် နည်းပြသစ်တန်ဟတ်ကို စိတ်ကျေနပ်စရာကောင်းမယ့် ခြေစွမ်းမျိုးမပြနိုင်ရင်တော့ နေရာပျောက်ဖို့များပါတယ်။

မည်သို့ပင်ဆိုစေကာမူ ရော်နယ်ဒိုသည် 2023 ခုနှစ်တွင် ထွက်ခွာမည်ဆိုပါက ယူနိုက်တက်သည် ထိပ်တန်းတိုက်စစ် ရွေးချယ်မှုအသစ်တစ်ခု လိုအပ်မည်ဖြစ်သည်။ 90min ၏အဆိုအရ အဆိုပါကွက်လပ်ကိုဖြည့်ရန်လူသည် ဘန်ဂျမင်ဆက်စကို ဖြစ်နိုင်သည်။

အသက် 19 နှစ်အရွယ် တိုက်စစ်မှူးလေးဟာ လက်ရှိတွင် RB Salzburg အတွက် ကစားနေသော်လည်း 2023-24 ရာသီမတိုင်မီ လာမည့်နွေရာသီတွင် RB Leipzig သို့ ပြောင်းရွှေ့မည်ဟု သြဂုတ်လတွင် ကြေညာခဲ့သည်။

Leipzig ဟာ ယူရို 24 သန်း (ခန့်မှန်းခြေ ပေါင် 21 သန်း) နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဆက်စကိုရဲ့ စျေးကွက်တန်ဖိုးထက် သာလွန်တဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းနှစ်သင်းကြား ချိတ်ဆက်မှုကြောင့် ညှိနှိုင်းရာမှာ တစ်စိတ်တစ်ပိုင်း ထိခိုက်သွားခဲ့ပါတယ်။

ဒါပေမယ့် 90minရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ လိုက်ပ်ဇစ်အတွက် ပွဲမကစားခင် ဆက်စကို ကို အပိုင်စီးဖို့ ကြံစည်နေကြပါတယ်။

ခုလိုအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကြောင့် ဆက်စကိုဟာ ယခုရာသီ Salzburg တွင် ဆက်လက် ခြေစွမ်းပြနေပါက သူ့ရဲ့တန်ဖိုးဟာ ပေါင်သန်း 50 အထက်သို့ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဆက်စကို ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် နဲ့ အပြင်းအထန် ချိတ်ဆက်မှု ခံခဲ့ရပါတယ်။ဒါ့ကြောင့် တခြားအသင်းကြီးတွေထက်စာရင် ယူနိုက်တက်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တပန်းသာနေမှာဖြစ်ပြီး ရော်နယ်ဒိုနေရာကိုအစားထိုးဖို့ ဆက်စကို ကို ကမ်းလှမ်းလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *