ရိုနယ်ဒိုကိုထွက်ခွါခွင့်အတွက်မီးစိမ်းပြထားပြီးအစားထိုးခေါ်ယူသင့်တဲ့လူငယ်တိုက်စစ်မှူး

ရိုနယ်ဒိုကိုထွက်ခွါခွင့်အတွက်မီးစိမ်းပြထားပြီးအစားထိုးခေါ်ယူသင့်တဲ့လူငယ်တိုက်စစ်မှူး

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက် မှာ အခုဆိုရင် အရွေ့တစ်ခုစတင် တော့မှာဖြစ်ပါတယ်။

အဘက်ဘက်ကအားနည်းမှုတွေနဲ့နေရာတော်တော်များများကို ပြုပြင်ပြောင်းလဲဖို့ရှိနေတဲ့ တန်ဟတ်ဟာ လက်ရှိမှာတော့ အထောင်တိုက်စစ်အတွက်စတင်ပြောင်းလဲလုပ်ဆောင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့တန်ဟတ်ဟာ မာကပ်စ်ရက်ရှ်ဖိုဒ့်ကိုအဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေပြီး အရန်အနေနဲ့ နည်းစနစ်အရ အသုံးပြုရန်ခက်ခဲနေတဲ့ရိုနယ်ဒိုနဲ့ ဒဏ်ရာပြဿနာတွေနဲ့ခဏခဏလုံးပန်းတတ်တဲ့အန်တိုနီမာရှယ်တို့ပဲရှိပါတယ်။

လက်တလောသတင်းများအရ တန်ဟက်ဂ်ဟာ ရိုနယ်ဒိုကိုထွက်ခွါခွင့်ပေးထားကြောင်းသိရပြီး ရေရှည်အတွက်အစားထိုးခေါ်ယူမယ့်တိုက်စစ်မှူးကိုလည်း ခေါ်ယူဖို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ပစ်မှတ်တွေများစွာထဲမှာမှ ရေရှည်အတွက်အကျိုးရှိမယ့်ကစားသမားတစ်ဦးကတော့ ဘင်ဖီကာ အသင်းရဲ့တိုက်စစ်ကစားသမား ဂွန်ကာလို ရာမိုစ့်ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ 21 နှစ်သားဟာ 13ပွဲမှာ 8ဂိုးသွင်း 6 ဂိုးဖန်တီးပေးထားပြီး လီဗာပူလ်းအသင်းဆီပြောင်းရွေ့သွားခဲ့တဲ့ ဒါဝင်နူးနပ်ဇ် ‌နေရာကို အကောင်းဆုံးအစားထိုးကစားပြကာ ခြေစွမ်းပြလျှက်ရှိပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ ပြိုင်ဘက်ခံစစ်ဧရိယာအတွင်းမှာ ဘောလုံးကောင်းကောင်းကိုင်ကစားနိုင်သလို အမြင့်ဘောတွေမှာလည်းကျွမ်းကျင်ပိုင်နိုင်စွာကစားနိုင်ပါတယ်။၎င်းအပြင် သူ့ရဲ့အားပါပြင်းထန်တဲ့တိုးဝင်ကစားတတ်ပုံနဲ့ပေါက်ကွဲအားတွေကလည်း အထင်ကြီးစရာပါ။

တစ်ချို့နေရာတွေမှာလိုအပ်ချက်တွေရှိနေပေမယ့် 21 နှစ်ပဲရှိသေးပြီး ဘင်ဖီကာအသင်းရဲ့တိုက်စစ်ကိုကောင်းကောင်းဦးဆောင်ကစားနိုင်ခြင်းတွေက စတားပလေယာတွေကို ဈေးကြီးခေါ်တာထက် အရည်အချင်းရှိတဲ့မျက်နှာသစ်ကစားသမားတွေကို ရင်းနှီးမြုပ်နှံ့ရတာကို ပိုအားသာတဲ့ မန်နေဂျာ တန်ဟတ်အတွက်တော့ အဆိုပါကစားသမားဟာ သဘောကျစရာပါ။

The Sun ရဲ့ဖော်ပြချက်အရ အဆိုပါကစားသမားရဲ့တန်ကြေးဟာ ပေါင်35သန်းခန့်ရှိနေပြီးနွေရာသီအပြောင်းအရွေ့ကို စောင့်ဆိုင်းတာထက် လာမယ် ဆောင်းရာသီအပြောင်းအရွေ့မှာပဲ ကြိုတင်လက်ဦးမှုရယူသင့်တယ်လို့အကြံပြုထားပါတယ်။

ကစားသမားဘက်ပိုမိုခြေစွမ်းပြလေ အပြောင်းအရွေ့တန်ကြေးကလည်းပိုမိုမြင့်တက်လာလေဖြစ်နေတဲ့အပြောင်းအရွေ့တွေမှာ အရည်အချင်းပြည့်ဝတဲ့လူငယ်တိုက်စစ်မှူးတွေကို စောလျှင်စွာလက်ဦးမှုရယူသင့်ကြောင်းကို မန်နေဂျာတန်ဟတ်ကိုယ်တိုင်နားလည်ထားပြီး အမှန်တကယ်ခေါ်ယူသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *