တန်ဟတ်ရဲ့တောင်းဆိုမှုကြောင့် ကစားသမား(၈)ဦးကို ထွက်ခွာခွင့်ပြုလာနိုင်တဲ့ ယူနိုက်တက်

တန်ဟတ်ရဲ့တောင်းဆိုမှုကြောင့် ကစားသမား(၈)ဦးကို ထွက်ခွာခွင့်ပြုလာနိုင်တဲ့ ယူနိုက်တက်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ဟာ စာချုပ်သစ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းရန် ဂလေဇာမိသားစုထံ တောင်းဆိုခဲ့တာကြောင့် ကစားသမားရှစ်ဦးအထိ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့အနာဂတ်အတွက် စိတ်ပူပန်စရာတွေဖြစ်လာရပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဟာ ကစားသမား တွေရဲ့ ခြေစွမ်းသက်သေမပြသေးဘဲ သက်တမ်းတိုး စာချုပ်ချုပ်မယ့်ကိစ္စကို ဆန့်ကျင်နေပြီး ကြယ်ပွင့် အချို့အတွက် ဒုက္ခရောက်နိုင်တယ်လို့ သတင်းတွေ အရ သိရပါတယ်။

The Telegraph ရဲ့အဆိုအရ တန်ဟတ်ဟာ သူ့ရဲ့ရေရှည်အစီအစဥ်တွေမှာ ဘယ်သူတွေပါဝင်သင့်တယ်ဆိုတာကို မဆုံးဖြတ်မချင်း မည်သည့်စာချုပ်အသစ်ကိုမဆို ပိတ်ဆို့ရန် ကြိုးစားသွားမည်ဖြစ်သည်။

ယူနိုက်တက် ကစားသမား 10 ဦးလောက်ရဲ့ စာချုပ်သက်တမ်းဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး တန်ဟတ်ရဲ့ ဆန္ဒကို ဂလေဇာတို့က ခွင့်ပြုခဲ့မယ်ဆိုရင် သူတို့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ နာမည်ကြီးကစားသမားတွေ အများအပြား ရှိနေမှာပါ။

ရော်နယ်ဒို
ကလပ်အသင်းဟာ ရော်နယ်ဒိုရဲ့ စာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမယ့် ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့စာချုပ်သက်တမ်း 2023 မကုန်ဆုံးမီတွင် ထွက်ခွာဖို့ အသင့်ဖြစ်နေပါတယ်။

ဒီဂီယာ
အသက် 31 နှစ်အရွယ် ဂိုးသမားဟာ ရော်နယ်ဒိုပြီးတာနဲ့ ကလပ်မှာ ဒုတိယမြောက်လစာအများဆုံးဖြစ်ပြီး တန်ဟတ်ဟာ သူ့ရဲ့နံပါတ် 1 ဂိုးသမားအဖြစ် အိုဘလက်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ဒီဂီယာအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားဖွယ်ရှိသည်။

ဒါလော့
ပေါ်တူဂီနောက်ခံလူဟာ မန်ချက်စတာမှာ ဆက်နေလိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ကလပ်အသင်းအနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လွဲသွားပါက တစ်နှစ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတာ သိထားပေမယ့် တန်ဟတ်က သူ့ဆန္ဒကို ငြင်းပယ်လာနိုင်ပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်၊ လုရှော၊ ဖရက်ဒ်၊ ဖီဂျူံးစ်၊ တူယမ်ဇီဘီ တို့အနေနဲ့လည်း ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တန်ဟတ်ရဲ့အစီအစဉ်မှာ မပါဝင်ဘူးလို့ ထင်ရတဲ့သူတွေကတော့ အလွတ်နဲ့ထွက်ခွာရဖို့များပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *