ရော်နယ်ဒိုကိုခေါ်ယူမယ့် သတင်းတွေအပေါ်ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ ချဲလ်ဆီးနည်းပြ

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုကို ခေါ်ယူသွားမယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် အခုလိုပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလမှာ ရော်နယ်ဒိုကို သင့်တော်တဲ့ ကမ်းလှမ်းချက် လက်ခံရရှိပါက ရောင်းချသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ အသက် (၃၈) နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလက ချဲလ်ဆီးအသင်း ကြိုးစားခဲ့ဖူးတာပါ။

ဒါပေမယ့် အသင်းပိုင်ရှင်တောဒ့်ဘိုလေနဲ့ နည်းပြဟောင်း သောမတ်စ်တူချယ်တို့သဘောတူညီမှုမရတာကြောင့် မခေါ်ယူဖြစ်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိအုပ်စုပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုကို ခေါ်ယူသွားမှာလားဆိုတဲ့ မေးခွန်းကို ပေါ်တာက –

“ ကျနော်တို့ ဒီလို မေးခွန်းတွေနဲ့ တစ်နေ့ကုန်အချိန်ဖြုန်းနေလို့ရပါတယ် လောလောဆည် သူက ကျနော် ကစားသမားမဟုတ်ပါဘူး ကျနော့် ကစားသမားမဟုတ်တဲ့သူတွေအကြောင်း ကျနော် ပြောမှာ မဟုတ်ပါဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီကို စိတ်ပျက်ဖွယ်ပုံစံနဲ့ စတင်နေရပြီး အရန်ခုံထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၈)ပွဲကစားပြီးရာမှာလည်း (၁) ဂိုးသာသွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *