ဂါနာချိုရဲ့နောက်ကျအနိုင်ဂိုးနဲ့အတူ နောက်တဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်

ဂါနာချိုရဲ့နောက်ကျအနိုင်ဂိုးနဲ့အတူ နောက်တဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်

သရဲနီကြယ်ပွင့်လေး အလီဂျန်ဒရို ဂါနာချိုက ယူ-၂၁ ကလပ် EFL ဆုဖလားမှာ မန်ချက်စတာယူနိုက်တက်က ဘာရိုးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲကို စိုစွတ်တဲ့အခြေအနေမှာ Barrow ရဲ့ အားကစားကွင်းမှာ ကစားခဲ့ပြီး အလားအလာရှိတဲ့ သရဲနီ လူငယ်တော်တော်များများဟာ အဖိုးတန်အတွေ့အကြုံတွေကို ရရှိခဲ့ကြပါတယ်။

ချာလီမက်နေး ကို ဂိုးဧရိယာအတွင်း၌ Borrow ဂိုးသမားက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ဒါ့‌ကြောင့် ပွဲအစမှာပဲ ယူနိုက်တက်က ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူ တိုင်လာဖရက်ဒရစ်ဆင်သည် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် Barrow အသင်း က ဒုတိယပိုင်း အစောပိုင်းတွင် ချေပဂိုးပြန်ရခဲ့ပါတယ်။ ယူနိုက်တက်အတွက် အဆိုပါပွဲစဉ်သည် သရေကျမည်ဟု ထင်ခဲ့ကြသော်လည်း နာကျင်အချိန်ပို၌ ဂါနာချိုက အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ထိုပွဲစဉ်မှာ ဇီဒန်းအစ်ဘယ်၊ ပီလီစထရီနဲ့ ဂါနာချို တို့ပွဲထွက်ခဲ့တာကြောင့် သူတို့ ၃ ဦးဟာ Omonia နှင့် ကစားမယ့် ယခုအပတ် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ယူနိုက်တက်အသင်းကြီးအတွက် စတင်ရန် မဖြစ်နိုင်ကြောင်း အကြံပြုထားသည်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟတ်အနေနဲ့လည်း လူငယ်ကစားသမားတွေကို ပျိုးထောင်ရာမှာ နာမည်ကြီးခဲ့တာကြောင့် ယူနိုက်တက်လူငယ်ကစားသမားတွေကို ဒီလရဲ့တချို့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ပေးလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *