အသင်းကိုအစွမ်းကုန်မပေးဆပ်ချင်တဲ့ကစားသမားတွေကို ရှင်းထုတ်တော့မယ့် တန်ဟတ်

အသင်းကိုအစွမ်းကုန်မပေးဆပ်ချင်တဲ့ကစားသမားတွေကို ရှင်းထုတ်တော့မယ့် တန်ဟတ်

ယူနိုက်တတ်အသင်းရဲ့ မန်နေဂျာ တန်ဟတ်ဟာ ကစားသမားများ၏ စာချုပ်သက်တမ်းတိုးခြင်းကိုရပ်တန့်ရန် မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့အား တောင်းဆိုခဲ့‌ ကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟတ်က ကစားသမားများအား အကဲဖြတ်ခြင်းမပြီးသရွေ့၊ ကစားသမားစစ်ထုတ်မှုမပြီးခင်အချိန်အထိ ကစားသမားတွေရဲ့စာချုပ်အသစ် သက်တမ်းတိုးကိစ္စကိုဆိုင်းငံ့ထားဖို့အတွက်ဘုတ်အဖွဲ့အား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း The Telegraphသတင်းထောက် James Ducker က Twitter တွင် ဖော်ပြခဲ့တာပါ။

နောက်ပိုင်းနှစ်တွေမှာယူနိုက်တတ်ဟာကစားသမားအချို့ကိုငွေကြေးကြီးကြီးမားမားနဲ့ခေါ်ယူခဲ့ပြီးအများစုဟာ ခေါ်ယူခဲ့တဲ့တန်ကြေးနဲ့ကိုက်ညီ‌အောင်အသင်းအပေါ်အကျိုးမပြုကြပါဘူး။

အဆိုပါအချက်ကိုတန်ဟတ်က သဘောမကျရှိနေပြီးပြောင်းလဲဖို့ဆုံးဖြစ်ထားကြောင်းသိရပါတယ်။

ယူနိုက်တတ်ဟာရာသီအစမှာ ဆိုးရွားတဲ့ခြေစွမ်းတွေနဲ့စတင်ခဲ့ပါတယ်။သို့ပေမယ့် လီဗာပူလ်း၊အာဆင်နယ်တို့ကိုပြန်လည်အနိုင်ယူခဲ့ပြီး လေးပွဲဆက်အနိုင်နှင့်အတူပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။

သို့ပေမယ့်မန်ချက်စတာစီးတီးကိုအရှက်တကွဲရှုံးနိမ့်ပြီးချိန်မှာတော့ တစ်ချို့ကစားသမားတွေဟာတန်ဟတ်ရဲ့နည်းစနစ်နဲ့ကိုက်ညီမှုမရှိကြောင်းသိရပြီးရှင်းထုတ်ဖို့လိုအပ်လာခဲ့တာပါ။

ယူနိုက်တတ်ရဲ့ကစားသမားတွေဟာ မိမိတို့ဝတ်ဆင်ထားတဲ့ အသင်းရဲ့ဂျာစီနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးနဲ့အသင်းကိုပေးဆပ်ကစားရပါမယ်။ဒီအောက်တိုဘာမှာနောက်ထပ် ရှစ်ပွဲ ကန်ရအုံးပါမယ်။ဒီအချိန်မှာအသင်းရဲ့ကစားသမားတွေဟာ ဘာကြောင့်အသင်းမှာဆက်ရှိနေဖို့ထိုက်တန်လဲဆိုတာ သက်သေပြဖို့လိုလာပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *