လက်စတာကြယ်ပွင့်နဲ့ဗန်ဒီဘီခ်ကို အလဲအလှယ်လုပ်ဖို့စီစဉ်နေတဲ့ လက်စတာနဲ့ယူနိုက်တက်

တိုင်လီမန်းနဲ့ဗန်ဒီဘီခ်ကို အလဲအလှယ်လုပ်ဖို့စီစဉ်နေတဲ့ လက်စတာနဲ့ယူနိုက်တက်

လက်စတာစီးတီးအသင်းဟာ ပွဲထွက်ခွင့်မရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘီခ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် 25 နှစ်ရှိ နယ်သာလန်သား ဗန်ဒီဘီခ် 2020 ခုနှစ်တွင် Ajax မှရောက်ရှိလာပြီးကတည်းက ယူနိုက်တက်တွင် ရုန်းကန်ခဲ့ရပြီး ယခုရာသီတွင် မန်နေဂျာသစ် အဲရစ်တန်ဟတ်လက်ထက်တွင် ပိုမိုပါဝင်လာမည်ဟု ထင်ခဲ့ပေမယ့် ပွဲထွက်ချိန် 19 မိနစ်သာ ရခဲ့ပါတယ်။

Jeunes Footeux (Via Sport Witness) ၏ အဆိုအရ ဘရန်ဒန် ရော့ဂျာရဲ့ လက်စတာအသင်းဟာ Box to Box ကစားနိုင်တဲ့ ကွင်းလယ်လူ ဗန်ဒီဘီခ်ကို စိတ်ဝင်စားနေပါတယ်။ဒါ့ကြောင့် ယူနိုက်တက်အနေနဲ့လည်း လစ်စတာကွင်းလယ်ကြယ်ပွင့် တိုင်လီမန်းကို ကမ်းလှမ်းလာနိုင်ပါတယ်။

ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ လက်စတာအသင်းဟာ တိုင်လီမန်းကို ငွေပေးချေဖို့ နောက်ဆုံးအခွင့်အရေးကို ပေးစွမ်းနိုင်သော်လည်း အသက် 25 နှစ်အရွယ် တိုင်လီမန်းအနေနဲ့ ရာသီကုန်တွင် ကလပ်မှထွက်ခွာပါက ဗန်ဒီဘီခ်နဲ့ အစားထိုးလာနိုင်ဖွယ်ရှိသည်။

ပြင်သစ်မှ အစီရင်ခံစာတွင် ‘ယူရို ၁၅ သန်းဖြင့် ဝယ်ယူရန် ရွေးချယ်မှုဖြင့် အငှားပြောင်းရွှေ့မှုကို လက်ရှိ လေ့လာနေဆဲဖြစ်သည်’ ဟု ဖော်ပြထားသည်။ ဗန်ဒီဘီခ်သည် ပြီးခဲ့သည့်ရာသီ ဒုတိယနှစ်ဝက်တွင် အဲဗာတန်တွင် အငှားကစားခဲ့သော်လည်း ဒဏ်ရာကြောင့် ခုနစ်ပွဲသာ ကစားခွင့်ရခဲ့သည်။

ထိုအခြေအနေတွေကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ဟာ ကွင်းလယ်ကစားသမားအချင်းချင်း အလဲအလှယ်လုပ်လာနိုင်တယ်လို့ အပြောင်းအရွှေ့သတင်းတွေက သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *