မန်စီးတီးကိုရှုံးခဲ့ပြီးအဝတ်လဲခန်းမှာ အသင်းဖော်တွေကို ပေါက်ကွဲလိုက်တဲ့ မာတီနက်ဇ်နဲ့ဘရူနို

မန်စီးတီးကိုရှုံးခဲ့ပြီးအဝတ်လဲခန်းမှာ အသင်းဖော်တွေကို ပေါက်ကွဲလိုက်တဲ့ မာတီနက်ဇ်နဲ့ဘရူနို

ဘရူနိုဖာနန်ဒက်စ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူတို့ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို ပြင်းထန်စွာ ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။

အဖွင့် ၄၅ မိနစ်မှာ အဲရစ်တန်ဟက်ရဲ့ အသင်းက ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ပွဲချိန်ပထမပိုင်းအတွင်းမှာ အိမ်ရှင်မန်စီးတီးက လေးဂိုးပြတ် သွင်းနိုင်ခဲ့ပါတယ်။

The Sun ရဲ့အဆိုအရ ဖာနန်ဒက်စ်နှင့် မာတီနက်ဇ်တို့ဟာ အချိန်ပိုင်းအားလပ်ချိန်အတွင်း အသင်းဖော်များအား ဒေါသတကြီးအော်ဟစ်ခဲ့ကြပြီး အဝတ်လဲခန်းမှ စင်္ကြံတစ်လျှောက် အော်သံများကို ကြားခဲ့ရသည်။

ဖာနန်ဒက်စ်ဟာ ဟယ်ရီမက်ဂွိုင်းယား မရှိတော့ချိန်မှာ ယူနိုက်တက်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး မာတီနက်ဇ်ကလည်း အဝတ်လဲခန်းမှာ သူ့ရဲ့ခံစားချက်တွေကို ပေါက်ကွဲခဲ့ပါတယ်။

‘‘အစကတည်းက စိတ်နေသဘောထားနဲ့ ယုံကြည်ချက်က အကောင်းဆုံးမဟုတ်သလို ပြဿနာများစွာဖြစ်စေပြီး စောစောစီးစီးဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်’’ ဟု ပွဲအပြီးတွင် ဖာနန်ဒက်စ်က ပြောကြားခဲ့သည်။

‘‘ပြီးရင်တော့ ကျွန်တော်တို့ ရလဒ်ကို ပြန်ထိန်းပြီး ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပိုထိန်းချုပ်ထားနိုင်တယ်၊ ပွဲကို ပိုထိန်းချုပ်လာတယ်။ ကျွန်တော်တို့ဘောလုံးရတိုင်း ပိုသတ္တိရှိလာပါတယ်။”

“ကျွန်တော်တို့ တကယ်စိတ်ပျက်မိပါတယ်၊ ဒါပေမယ့် အခုက နောက်ပွဲတွေကို အာရုံစိုက်ပြီး ကစားရမယ့်အချိန်ရောက်ပါပြီ။ရှေ့ဆက် ယုံကြည်ချက်ရှိဖို့လိုပြီး အရာရာတိုင်းကို စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ရင် ကျွန်တော်တို့ကို နှိမ့်ချလို့ မရဘူးဆိုတာ နားလည်လာပါပြီ။”

Leave a Reply

Your email address will not be published. Required fields are marked *