မန်စီးတီးကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့အတွက် တောင်းပန်စကားဆိုလိုက်တဲ့ အဲရစ်ဆင်

မန်စီးတီးကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့အတွက် တောင်းပန်စကားဆိုလိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆင်က မန်ချက်စတာစီးတီးကို 6-3 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းကို အပြစ်တင်ရမယ် လို့ ခံစားရ‌ကြောင်း ပြောဆိုလိုက်ပါတယ်။ သရဲနီတွေဟာ စီးတီးနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ မထင်မှတ်ပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အိမ်ရှင်စီးတီးဟာ ပထမပိုင်းမှာတင် ယူနိုက်တက်ကို လေးဂိုးပြတ်သွင်းပြီး အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းက အနည်းငယ်တုံ့ပြန်ခဲ့ပေမယ့် ပက်ဂွာဒီယိုလာရဲ့အသင်းကတော့ သက်သောင့်သက်သာနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဲရစ်ဆင်က ဒါဟာ ယူနိုက်တက်အတွက် “ဆိုးရွားတဲ့နေ့” ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ ပွဲအစကတည်းက မန်စီးတီးအသင်းက အခွင့်အရေးတွေရခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။

“ဒီပွဲရဲ့အဓိက အာရုံစိုက်မှုကတော့ ကိုယ့်အပေါ်မှာပဲ ရှိသင့်ပြီး ကျွန်တော်တို့ ပြောင်းလဲရမယ့် အရာတွေ အများကြီးရှိပါတယ်။ လက်ခံနိုင်လောက်စရာအချက်တွေ မရှိပါဘူး”

“ဒါကို ခက်ခက်ခဲခဲ ရှုံးနိမ့်မှုအဖြစ် ကျွန်တော်တို့ခံယူရမှာ ဖြစ်ပြီး ဒီအရှုံးကနေ ပြန်လည်ထကြွပြီး သက်သေ ပြရမှာပဲ ဖြစ်ပါတယ်။ အဲဒါလုပ်ဖို့ လိုပါတယ်။”

“အရမ်းကို ခံရခက်ပါတယ်၊ လူတိုင်းက အရမ်းဆိုးတဲ့နေ့လို့ ခံစားရတယ်။ ကျွန်တော်တို့ ခြေလှမ်းမှာခဲ့ပြီး ပွဲစကတည်းက သူတို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရပါမယ်။”

“အုပ်စုတစ်ခုအနေနဲ့ အားလုံးက သူတို့ကိုယ်သူတို့ ကြည့်ကြပါလိမ့်မယ်၊ ဒီနေ့ အမှားအယွင်းတွေအားလုံးကို ကျော်ဖြတ်ဖို့ မနက်ဖြန်မှာ မန်နေဂျာနဲ့ ကျွန်တော်တို့ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။”

“ဒုတိယပိုင်းအစမှာ ကျွန်တော်တို့က တိုက်ပွဲနဲ့ ဆန္ဒအချို့ကို ပြသခဲ့ပေမယ့် အရမ်းနောက်ကျခဲ့ပါတယ်။ သုံးဂိုးပြန်သွင်းရလို့ ပရိသတ်တွေအတွက် နှစ်သိမ့်မှုပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးနဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ကြီးမားတဲ့ အပြောင်းအလဲတွေ လိုအပ်ပါတယ်။”

ယူနိုက်တက်ဟာ လာမယ့်ယူရိုပါလိဂ်ပွဲစဉ်မှာ ဆိုက်ပရက်ကလပ်အသင်းဖြစ်တဲ့ အိုမိုနီးယားနီကိုဆီယာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြတန်ဟတ်အနေနဲ့ ဥရောပမှာ အောင်မြင်မှုတွေလိုချင်ရင်တော့ ဒီပွဲကိုအနိုင်ကန်ရမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *