ပေါ်တိုကစားသမားနှစ်ဦးကိုစောင့်ကြည့်ဖို့ ပေါ်တူဂီဆီ ကင်းထောက်တွေကို စေလွှတ်ခဲ့တဲ့ တန်ဟက်ဂ်

ပေါ်တိုကစားသမားနှစ်ဦးကိုစောင့်ကြည့်ဖို့ ပေါ်တူဂီဆီ ကင်းထောက်တွေကို စေလွှတ်ခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ် ဟာသောကြာနေ့ညက ပေါ်တူဂီသို့ ကင်းထောက်အဖွဲ့ကို စေလွှတ်ကာ ကစားသမားနှစ်ဦးကို‌ စောင့်ကြည့်ဖို့စေလွှတ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းများအရ ပေါ်တိုအသင်းရဲ့ဂိုးသမားကော်စတာနှင့်နောက်တန်းကစားသမားဒေးဗစ်ကာမို တို့ဖြစ်ကောင်းသိရပါတယ်။

အထူးသဖြင့် ဂိုးသမား ကော်စတာဟာ မကြာသေးမီလများအတွင်းက ဒေးဗစ်ဒီဂီယာနေရာ အစားထိုးဖို့အတွက် မန်နေဂျာတန်ဟက်ဂ်ရဲ့ စိတ်ဝင်စားမှုရထားတဲ့ဂိုးသမားတစ်ဦးဖြစ်ပြီး အပြောင်းအရွေ့အတွက်အချိတ်အများရှိထားကြောင်းသိရပါတယ်။

တန်ဟက်ဂ်ဟာ ဘရက်ဖိုဒ့်အသင်းကို 4 ဂိုးဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်ကတည်းက ဂိုးသမားဒီဂီယာရဲ့ အားနည်းချက်တွေကို သဘောမကျဖြစ်နေပြီး ရေရှည်အစားထိုးဖို့အတွက် အစီအစဉ်ချမှတ်ထားကြောင်းလည်းသိရပါတယ်။

စပိန်သားဂိုးသမားဟာ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရ ပေါ်တိုဂိုးသမား ဒီယေဂို ကော်စတာ ကို ဒီဂီယာ နေရာမှာ အစားထိုးဖို့ တန်ဟက်ဂ်က ရှုမြင်ထားပါတယ်။

ယူနိုက်တက်အပြင် အက်သလက်တီကိုမက်ဒရစ်ကလည်း အသက် 23 နှစ်အရွယ် အဆိုပါဂိုးသမားကို ချိန်ရွယ်နေကြောင်းသိရပါတယ်။

၎င်းအပြင် ယူနိုက်တက်ဟာ ပေါ်တို နောက်ခံလူ ကာမိုနှင့်ပတ်သက်၍ ကာလရှည်ကြာစောင့်ကြည့်ထားခဲ့ပြီး အဆင်မပြေခဲ့ပါက အေဂျက်ဇ်အသင်းရဲ့နောက်ခံလူ ဂျူရီယန် တင်ဘာ ကိုခေါ်ယူဖို့စီစဉ်ထားကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *