ရော်နယ်ဒိုကိုလေးစားတာကြောင့် လူစားမလဲခဲ့တာလို့ ဝန်ခံလိုက်တဲ့ အဲရစ်တန်ဟတ်

ရော်နယ်ဒိုကိုလေးစားတာကြောင့် လူစားမလဲခဲ့တာလို့ ဝန်ခံလိုက်တဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ရော်နယ်ဒိုရဲ့ ကစားသမားဘဝအပေါ် လေးစားတဲ့အနေနဲ့ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီမှာ 6-3 နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ထည့်မကစားခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။

တန်ဟတ်ရဲ့ပထမဆုံး မန်ချက်စတာဒါဘီပွဲဟာ ယူနိုက်တက် မန်နေဂျာအတွက် မေ့ပျောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး သူ့ရဲ့အသင်းဟာ မြို့ခံပြိုင်ဘက်တွေရဲ့ ရိုက်နှက်ခြင်းခံနေရတာကို စောင့်ကြည့်ခဲ့ရပါတယ်။

နည်းပြတန်ဟတ်ဟာ ဒါဘီပြိုင်ပွဲမှာ လူစား အပြောင်းအလဲ(၅)ခုအထိပြုလုပ်ခဲ့ပေမယ့် ရော်နယ်ဒိုကို မခေါ်ယူခဲ့ပဲ ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်ပွဲ၌ ပါဝင်ခွင့်မရခဲ့ဘဲ အရန်ခုံတွင်သာ ရှိနေခဲ့သည်။

ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် မေးမြန်းခဲ့ရာ တန်ဟတ်က သတင်းထောက်များအား “သူ့ရဲ့ ကြီးမားတဲ့ကစားသမားပုံရိပ်ကို ကျွန်တော် လေးစားတာကြောင့် သူ့ကိုမထည့်ခဲ့တာပါ။

“နောက်တစ်ခုကတော့ ကျွန်တော် အန်တိုနီမာရှယ် ကို ယူဆောင်လာပေးနိုင်တဲ့ အားသာချက်တစ်ခုရှိပါတယ်။ သူက ပွဲထွက်ခွင့်မိနစ်ပိုင်းတွေလိုပါတယ်၊ ဒါပေမယ့် ကျွန်တော်အဲလိုမပြောချင်ပါဘူး။”

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ယူရိုပါလိဂ်အုပ်စုပွဲနှစ်ပွဲစလုံးကို စတင်ခဲ့ပြီးဖြစ်သော်လည်း ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်ပွဲထွက်လူစာရင်းတွင် တစ်ကြိမ်သာ ပါဝင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *