ယူနိုက်တက်ရဲ့ရှုံးနိမ့်မှုဟာ မာတီနက်ဇ်ရဲ့အပြစ်မဟုတ်ကြောင်း မှတ်ချက်ပေးလိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက်ရဲ့ရှုံးနိမ့်မှုဟာ မာတီနက်ဇ်ရဲ့အပြစ်မဟုတ်ကြောင်း မှတ်ချက်ပေးလိုက်တဲ့ ရွိုင်ကိန်း

တနင်္ဂနွေနေ့က ခါးသီးတဲ့ပြိုင်ဘက် မန်စီးတီးကို နှိမ့်ချစွာ ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေ အများအပြား ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ အီတီဟတ် မှာ 6-3 နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူတို့ရဲ့မြို့ခံပြိုင်ဖက်တွေက အိမ်ကွင်းမှာ ရိုးရိုးရှင်းရှင်းပဲ အနိုင်ယူခဲ့ပါတယ်။ ပွဲမစခင်မှာတော့ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်ကစားသမား လီဆန်ဒရို မာတီနက်ဇ်ကို မန်စီးတီးတိုက်စစ်မှူး အာလင်ဟာလန်း က ဘယ်လိုပုံစံနဲ့ ထိပ်တိုက်တွေ့မယ်ဆိုတဲ့ ပြောဆိုမှုတွေ အများအပြားရှိခဲ့ပါတယ်။

ဟာလန်းသည် အံ့အားသင့်ဖွယ် ဟက်ထရစ်ဂိုးကို သွင်းယူခဲ့သော်လည်း ယူနိုက်တက်တစ်သင်းလုံးမှာ အမှားအယွင်းရှိနေသည့်အချက်ကြောင့် မာတီနက်ဇ်ကို အပြစ်တင်ခြင်းက ပိုမို၍မတရားမှုဖြစ်ပါလိမ့်မည်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မယတီနက်ဇ်ကို ကာကွယ်ခဲ့ပြီး သူ့ရဲ့အရပ်အမြင့်ကြောင့် ပရီးမီးယားလိဂ်မှာ တခါတရံ ရုန်းကန်ရမှာဖြစ်ပေမယ့် ခြုံငုံပြီးငုံကြည့်ရင်တော့ အိုးထရက်ဖို့ဒ်မှာ အောင်မြင်မယ်လို့ ယုံကြည်ရပါတယ်။

Sky Sports နဲ့ ပွဲအကြိုပြောကြားရာမှာ ကိန်း က “ကစားသမားတွေ မလုပ်နိုင်တာကို စိတ်ဝင်စားကြပေမယ့် သူတို့ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်မယ်ဆိုရင် သူက အတွေ့အကြုံရင့်ကစားသမားဖြစ်ပါတယ်။သူက ဒီလိဂ်မှာလူသစ်ဖြစ်ပြီး ဆိုးရွားတဲ့ပွဲတစ်ခုပါပဲ၊ လူတိုင်းက သူ့အ‌ကြောင်းရေးနေကြပါတယ်။

“အရေးကြီးဆုံးက မန်နေဂျာက သူ့ကို သိတယ်၊ သူ့အရည်အချင်းတွေကို သိတယ်၊ သူက မန်ယူမှာ ကောင်းကောင်းကစားနိုင်တယ်ဆိုတာ သူသိနေတယ်၊ အဲဒီမျှော်လင့်ချက်တွေကို ကိုင်တွယ်နိုင်မယ်ဆိုတာလည်း သိပါတယ်။

“သူ့ရဲ့ပုံစံကို ကျွန်တော်သဘောကျပါတယ်၊ သူ့ရဲ့အရပ်အမောင်းကြောင့် ပွဲအချို့မှာအမှားတွေ့နိုင်ပေမယ့် သူစိတ်အားထက်သန်တယ်၊ ပွဲအခြေအနေကိုကောင်းကောင်းဖတ်တယ်၊ ဒါကမန်ယူအတွက်အရေးကြီးသလိုပဲ၊ သူ့မှာ ကြီးမားတဲ့ ရန်လိုစိတ်နဲ့ စရိုက်လက္ခဏာတွေ အများကြီးရှိနေပုံရတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *