နောက်ဆုံးတွေ့ဆုံမှုမှာ ဟာလန်းကိုအိတ်ကပ်ထဲထည့်ထားဖူးတဲ့မာတီနက်ဇ်

နောက်ဆုံးတွေ့ဆုံမှုမှာ ဟာလန်းကိုအိတ်ကပ်ထဲထည့်ထားဖူးတဲ့မာတီနက်ဇ်

ယနေ့ ကစားမယ့် မန်ချက်စတာ ဒါဘီ ပွဲစဉ် ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ မန်စီးတီး တိုက်စစ်မှူး ဟာလန်း တို့ဟာအခုမှပထမဆုံး အကြိမ် ယှဉ်ပြိုင် ဖူးခြင်း မဟုတ်ဘူး ။

၎င်းတို့နှစ်ဦးသည် 2021 ခုနှစ် အောက်တိုဘာလ 19 ရက်နေ့တွင်Ajax နှင့် ချန်ပီယံလိဂ်တွင် အမ်စတာဒမ်၌ ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ထိုအချိန်က ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှာဟာလန်းဟာ ရှစ်ပွဲမှာ 13 ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း အေဂျက်စ်အသင်းရဲ့ 4-0 ဖြင့် အနိုင်ရယူခြင်းခံခဲ့ရပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဦးဆောင်တဲ့ Ajax နောက်တန်းဟာဂိုးမြူးနေပါတယ်ဆိုတဲ့ ဟာလန်းဦးဆောင်တဲ့‌ေဒါ့မွန်တိုက်စစ်ကိုပေးဂိုးမရှိစွမ်းဆောင်ပြီးအနိုင်ရရှိခဲ့တာပါ။

သူတို့နှစ်ဦးရဲ့နောက်ဆုံးတွေ့ဆုံးခဲ့တဲ့အဆိုပါပွဲစဉ်ရဲ့ပွဲချိန်တော်တော်များများမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဟာလန်ကို တစ်ဦးချင်းကောင်းကောင်းထိန်းထားနိုင်ခဲ့ပါတယ်။

နည်းပြကြီးတန်ဟတ်က ၎င်းတို့နှစ်ဦး၏ယခင်တွေ့ဆုံမှုသည်မာတီနက်ဇ်အတွက် အသုံးဝင်သောပြင်ဆင်မှုဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း “ဒါက လုံးဝကွဲပြားတဲ့အခြေအနေပါ။ မတူညီတဲ့အသင်းနှစ်သင်း၊ မတူညီတဲ့ချဉ်းကပ်မှုတွေ၊ အဲဒါကို နှိုင်းယှဉ်လို့မရပါဘူး”ဆိုပြီးပြေကြားထားခဲ့ပါတယ်။

နည်းပြတန်ဟတ်နှင့်ယူနိုက်တက်အသင်းဟာ မာတီနက်ဇ်အား ဟာလန်းကိုသေချာထိန်းချုပ်ကစားနိုင်ဖို့စီစဉ်ထားပြီး ဒီတစ်ချိန်မှာလည်း မာတီနက်ဇ်ရဲ့အိတ်ကပ်ထဲ ဟာလန်းကိုထည့်ထားနိုင်မယ်လို့မျှော်လင့်ထားကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *