မတူညီတဲ့ကလပ်သုံးသင်းနဲ့ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ လီဝန်ဒေါစကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာဘာစီလိုနာအတွက်ပထမဆုံးကစားတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူပြီးကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်း ဆက်လက်သက်သေပြသွားပါတယ်။

ပိုလန်တိုက်စစ်မှူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘိုင်ယန်မြူးနစ်မှဘာစီလိုနာသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာဘာစီလိုနာအတွက်လာလီဂါပွဲ၄ပွဲတွင်၅ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာလာလီဂါခြေစွမ်းကိုချန်ပီယံလိဂ်ပြိုင်ပွဲသို့လည်းသယ်ဆောင်လာနိုင်ခဲ့ပါတယ်။သူဟာမနေ့ညတုန်းကဗစ်တိုးရီးယားပါဇန်ကို၅-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာပွဲအစ၁၃မိနစ်မှာကက်စီရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးနောက် ရောဘတ်လီဝန်ဒေါ့စကီးကပထမပိုင်းနှစ်ဂိုးနဲ့ဒုတိယပိုင်းအစမှာဟက်ထရစ်ဂိုးသွင်းယူခဲ့ပါတယ်။ဘာစီလိုနာအတွက်ပဥ္စမဂိုးကိုဖာရန်တောရက်စ်ကသွင်းယူခဲ့တာဖြစ်ပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာ ဘာစီလိုနာအတွက်ချန်ပီယံလိဂ်တွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်ကလပ်သုံးခုအတွက်ချန်ပီယံလိဂ်တွင်ဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *