ရေနံဒါဘီမှာ ဖင်မီခိုးစွဲမတတ်ကန်ခဲ့ရတဲ့ ဆရာပက်ရဲ့မန်စီးတီး(မန်စီးတီးနဲ့နယူးကာဆယ် ပွဲပြီးသုံးသပ်ချက်အပြည့်စုံဖတ်ရန်)

Super Sunday ရဲ့ အပိတ်ပွဲစဉ်ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အလွန်အကြိတ်အနယ်ရှိခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ၄-၃-၃ ကစားကွက်ကိုပဲ ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ ဟာလန်း၊ ဘာနာဒိုဆေးလ်ဗားတို့ကို တွဲပေးခဲ့ကာကွင်းလယ်မှာ ဂန်ဒိုဂန်၊ ရိုဒရီနဲ့ ဒီဘရိုင်းတို့ကိုပဲ အသုံးပြုခဲ့ပါတယ်။

နောက်တန်းမှာ ကန်ဆယ်လို၊ အကီ၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာတို့ကို ကစားစေခဲ့တာပါ။ အိမ်ရှင်နယူးကာဆယ်ကလည်း ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး စိန့်မက်ဆီမန်၊ ဝီလ်ဆင်၊ အယ်မီရွန်၊ ဂျိုလင်တန်၊ ဂွီမာရေ့စ်၊ဝီလော့ခ်၊ ထရစ်ပီယာတို့လို အမာခံစုဖွဲ့မှုနဲ့ပဲ မန်စီးတီးကို ရင်ဆိုင်ခဲ့ပါတယ်။

နည်းပြအက်ဒီဟောင်းလက်ထက်မှာ အိမ်ကွင်းကစားအား ကောင်းမွန်လွန်းတဲ့ နယူးကာဆယ်ဟာ ဒီပွဲမှာလ်ညး သူတို့ရဲ့ပုံစံကောင်းကို ပြသခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေအောက် မန်စီးတီးတို့တော်တော်လေး ရုန်းကန်ခဲ့ရတဲ့ပွဲပါ။ အထူးသဖြင့် နယူးကာဆယ် တိုက်စစ်ကစားသမားစိန့်မက်ဆီမန်ကို မန်စီးတီးနောက်တန်းက ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး။

စိန့်မက်ဆီမန် ဘောလုံးဆွဲပြေးလာတိုင်း မန်စီးတီးနောက်တန်း ပျာယာခတ်နေပြီး သူ့ကိုအနည်းဆုံး နှစ်ယောက်လောက် ဝိုင်းကပ်နေခဲ့ရပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ဒီဘရိုင်းရဲ့ ပါးနပ်တဲ့ ဘောလုံးလမ်းကြောင်းခင်းပေးမှုကနေတစ်ဆင့် မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဂန်ဒိုဂန်က သွင်းပေးခဲ့ပါတယ်။

စောစောစီးစီး ဦးဆောင်ဂိုး ပေးလိုက်ရပေမဲ့ အိမ်ရှင်နယူးကာဆယ်တို့ဟာ ပုံစံပျက်မသွားဘဲ သူတို့ရဲ့ အစီအမံတွေအတိုင်း စနစ်တကျ တုံ့ပြန်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်အားကြောင့် ပွဲကတော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး မြိုင်ဆိုင်ခဲ့ပါတယ်။

အကီကို ပွဲချိန်မိနစ် ၂၀ လောက်မှာတင် လူစားလဲခဲ့ရတာက မန်စီးတီးနောက်တန်းကို အင်အားနည်းစေခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်ပိုင်းဟာ ဒီပွဲမှာ အချိတ်အဆက်ပိုင်း လိုအပ်ချက်တွေရှိနေခဲ့ပြီး ဖိုဒန်၊ ဂန်ဒိုဂန်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကလည်း စိတ်ပျက်စရာပါ။ ဂိုးသွင်းဖို့ ခေါ်ထားတဲ့ ဟာလန်းရဲ့ အရည်အသွေးတွေကို မန်စီးတီးတို့ ကောင်းကောင်း အသုံးမချနိုင်သေးဘဲ ဟာလန်းက ပြန်ပြီး ဖန်တီးမှုတွေ လုပ်ပေးနေရတဲ့ အနေအထားပါ။

နယူးကာဆယ်ရဲ့ High Press တွေ၊ Power Game တွေက ပစ်ရက်စရာမရှိဘဲ ရူးလောက်စရာဖြစ်ပြီး မန်စီးတီးကွင်းလယ်ကို လွှမ်းမိုးမှုမပေးဘဲ အကောင်းဆုံး ဖြိုဖျက်ထားနိုင်ခဲ့ပါတယ်။ ၂၈ မိနစ်မှာ အယ်မီရွန်ကနယူးကာဆယ်တွက် ချေပဂိုး သွင်းပေးခဲ့ပြီး ၃၉ မိနစ်မှာ ဝီလ်ဆင်က အနိုင်ဂိုး သွင်းပေးခဲ့ကာ ပထမပိုင်းကို ၂-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာပွဲရဲ့ တန်ပိုကပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ချေပဂိုးရဖို့လိုနေတဲ့ မန်စီးတီးက ဇောနဲ့ ဖိတိုက်ပေမဲ့ နယူးကာဆယ်ရဲ့ ကစားအားကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘုူး။ နယူးတို့အနေနဲ့ ဒုတိယပိုင်းမှာလည်းမကျသွားဘဲ ကြောက်မက်ဖွယ်ရာ ကစားအားကို ပြသခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဟာလန်းကန်ခွင့်တစ်ကြိမ်ရခဲ့ပေမဲ့ ကပ်လွဲသွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ၅၄ မိနစ်မှာတော့ ထရစ်ပီယာက နယူကာဆယ်အတွက် တတိယမြောက်ဂိုးကို ဖရီးကစ်ကနေ လှလှပပ ကန်သွင်းခဲ့တာပါ။ ဂိုးရလိုဇော မြင့်မားနေတဲ့ မန်စီးတီးတို့ ချက်ချင်းဆိုသလို တိုက်စစ်ပြန်ဆင်ရာမှာ ၆၁ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ တိကျတဲ့ ဖြတ်တင်ပေးမှုကို ရိုဒရီက ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကအလိုက်သင့်ပေးပို့မှုကို ဟာလန်းက ပိတ်သွင်းခဲ့တာပါ

အဲဒီနောက် ချက်ချင်းဆိုသလို ဟာလန်း လွတ်လွတ်ကျွတ်ကျွတ် တစ်ကိုယ်တော်အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ နယူုးဂိုသမားနစ်ပုပ်ကာကွယ်နိုင်ခဲ့ပါတယ်။ အစွမ်းကုန်တိုက်စစ်ဆင်နေတဲ့ မန်စီးတီးတို့ ၆၄ မိနစ်မှာ အဖိုးတ်ချေပဂိုးပြန်ရခဲ့ပြီး ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းရဲ့ ပဉ္ဓလက်ဆန်ဆန် ဖန်တီးမှုကနေ ဘာနာဒိုဆေးလ်ဗားက လူကျွံ့ထောင်ချောက်ကိုဖောက်ကာ အလိုက်သင့်ပြေးထွက်ပြီး လှလှပပ အနီးကပ်ကန်သွင်းခဲ့ပါတယ်။

အချိန်တိုအတွင်း ဦးဆောင်ဂိုးနှစ်ဂိုး ပြန်ရသွားပြီးနောက် မန်စီးတီးတို့ စိတ်ဓာတ်မြင့်တက်သွားသလို ပွဲအရှိန်ကလည်း အမြင့်ဆုံးရောက်သွားခဲ့ရပါတယ်။ ၇၃မိနစ်မှာ ဒီဘရိုင်းကို ထရစ်ပီယာ ဖြတ်ထုတ်ပုံကြမ်းခဲ့လို့ ဒိုင်က အနီကတ်ပြသခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီး အဝါကတ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ နယူးက ကစားအားကျသွားခဲ့ပြီး မန်စီးတီးက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပေမဲ့ နယူးနောက်တန်းနဲ့ လက်စွမ်းကောင်းပြနေတဲ့ ဂိုးသမားနစ်ပုပ်တို့ကို မကျော်နိုင်ခဲ့လို့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *