ပီအက်ဂျီတိုက်စစ်မှူးကိုခေါ်ယူဖို့ ကစားသမားအေဂျင့်နဲ့ဆွေးနွေးနေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာမော်ရိုအိုင်ကာဒီကိုခေါ်ယူရေး ကစားသမားရဲ့အေးဂျင့်ဖြစ်တဲ့ဇနီးသည်ဝါဒါနာရာနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အနာဂတ်မရေမရာဖြစ်နေမှု၊တိုက်စစ်မှူးရွေးချယ်စရာနည်းပါးမှုတို့ကြောင့်တိုက်စစ်မှူးသစ်အားဖြည့်ရန်ကြိုးပမ်းနေပါတယ်။

ယူနိုက်တက်ဟာဘိုလော့ဂ်နာတိုက်စစ်သမားအာနော်တိုဗစ်ကို ဆက်သွယ်ခဲ့ပေမဲ့ပရိသတ်များရဲ့ဝေဖန်မှုကြောင့်နောက်ဆုတ်သွားခဲ့ရပါတယ်။၎င်းတို့ရဲ့နောက်ထပ်ပစ်မှတ် ရက်ဘူးလ်ဆဲလ်ဘတ်တိုက်စစ်မှူးဘင်ဂျာမင်ဆစ်ကိုမှာလည်းလာမယ့်နှစ်နွေရာသီတွင်လိုက်ဇစ်သို့ပြောင်းရန်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာအာဂျင်တီးနားတိုက်စစ်မှူးအိုင်ကာဒီကိုခေါ်ယူရေးပစ်မှတ်ထားလာတာဖြစ်ပါတယ်။အာဂျင်တီးနားသတင်းစာ TyC Sports ကအိုင်ကာဒီရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ဇနီးဖြစ်သူဝန်ဒါနာရာကိုယူနိုက်တက်တာဝန်ရှိသူများကဆက်သွယ်ကာဆွေးနွေးမှုပြုလုပ်လာကြောင်းဖော်ပြလာပါတယ်။

အိုင်ကာဒီဟာ၂၀၁၉ခုနှစ်တွင်အင်တာမီလန်မှပီအက်စ်ဂျီသို့အငှားဖြင့်ပြောင်းရွှေ့ပြီးနောက်နောက်နွေရာသီတွင်အပြီးသတ်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကမက်ဆီရောက်လာကတည်းကပီအက်စ်ဂျီတွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသလို ကလာမွန့်ဖုနှင့်လီဂူး၁အဖွင့်ပွဲတွင်လည်း အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရပါတယ်။

အိုင်ကာဒီဟာစီးရီးအေတန်းတက်မွန်ဇာသို့ပြောင်းမယ်လို့လည်း သတင်းထွက်နေသူဖြစ်ပါတယ်။တဆက်တည်းတွင်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ပီအက်စ်ဂျီရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့ မားကပ်စ်ရက်ဖို့ဒ်မှာအသင်းပြောင်းမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

အဲရစ်တန်ဟက်က “ဒီကိုပထမဆုံးစရောက်တဲ့နေ့ကတည်းကသူနဲ့ပတ်သက်ပြီးအရမ်းပျော်တယ်။သူ့ကိုဘယ်လိုမှမဆုံးရှုံးချင်ပါဘူး။သူ့ကကျွန်တော်တို့အစီအစဉ်မှာပါဝင်ပါတယ်။မန်ချက်စတာယူနိုက်တက်မှာဘဲ ဆက်ရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

Leave a Reply

Your email address will not be published.