မန်ယူကိုဘရန့်ဖို့က ဂိုးပြတ်သွင်းမှာလို့ခန့်မှန်းလိုက်တဲ့ ခရစ္စဆပ်တန်

ဘရန်းဖို့ဒ် vs ယူနိုက်တက်

ပုံမှန်အားဖြင့် ဆိုရင်တော့ အဖွင့်ပွဲမှာ ဘရိုတ်တန် ကို ရှုံးခဲ့တဲ့ ယူနိုက်တက် ဟာ ဒီပွဲမှာ တုန့်ပြန် ကစားပြလိမ့်မယ်လို့ မျှော်လင့်ထားမိမှာပါ။

ဒါပေမယ့် ဒီတစ်ခါတော့ မဖြစ်နိုင်ပါဘူး ဘာလို့လဲ ဆိုတော့ ယူနိုက်တက် ရဲ့ ပြသနာ က နေရာတိုင်းမှာကို တွေ့နေရပါတယ်။ ဒီအခြေနေနဲ့ ပတ်သက်ပြီး အဲရစ် တန်ဟတ် ကို အပြစ်မတင်ချင်ပေမယ့် ၊ ပြင်ဆင်နိုင်အောင်တော့ ကြိုးစားရမှာပါ။

ခံစစ်မှာ ဆိုရင် လီဆန်ဒရို ၊ မက်ဂွိုင်းယား အတွဲက အိုင်ဗန် တိုနေး ကို ထိန်းချုပ်ဖို့ တာဝန်ယူလာမယ့် အပေါ် သဘောမတွေ့ပါဘူး။ ရိုနာဒို က တိုက်စစ်ကို ပြန်ပြီး ဦးဆောင်သင့်ပါတယ် ဒါပေမယ့် ကြံ့ခိုင်မှုက ဘယ်အခြေနေ ရှိနေပြီလဲ။

ဘရိုတ်တန် လိုပဲ ၊ ဘရန်ဖို့ဒ် ကလဲ ညှစ်ပြီး ကစားပြနိုင်တဲ့ အသင်းမျိုးပါ။ ယူနိုက်တက် အနေနဲ့ သူတို့ အလားအလာကို ထုတ်မပြနိုင်ရင် ၊ ရုန်းကန် သွားရနိုင်ပါတယ်။

ပြီးတော့ ဘိုလော့နာ တိုက်စစ်မှုး အနာသိုဗစ် ကို ခေါ်ယူလိုက်ရင် သူတို့ တိုက်စစ် ပိုကောင်းသွားမယ်လို့ ထင်တဲ့ အတွေးနဲ့တင် ၊ သူတို့ဟာ ရှုံးသင့်နေပါပြီ။

လူတစ်ချို့ က ကျနော့်ရဲ့ ခန့်မှန်းချက်ကို ဆိုးဝါးလွန်းတယ် ဆိုပြီး တွေးကောင်းတွေးပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက် က အနာသိုဗစ် ကို ချိတ်ဆက်တယ် ဆိုတဲ့ သတင်းထက် တစ်ဝက်လောက်တောင် မဆိုးသေးပါဘူး။

ခန့်မှန်းချက် – ဘရန်းဖို့ဒ် 3-0 ယူနိုက်တက်

Leave a Reply

Your email address will not be published.