ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတာ သေချာရှင်းပြလာတဲ့ မားကပ်ရက်ရ်ဖို့ဒ်

ရက်ရှ်ဖို့ကိုခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းက ဆွေးနွေးနေပါတယ်။ ဒါကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ ရော်နယ်ဒိုနဲ့ တစ်သင်းတည်းဖြစ်နေရာကနေ မက်ဆီနဲ့တစ်သင်းတည်းဖြစ်တဲ့ အနေအထားမျိုုးကိုလည်း ရောက်သွားနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြချုပ် ဂေါ်လ်တီယာက အသင်းဟာ ပွဲတွေအများကြီး ကစားရမှာဖြစ်တာကြောင့် နောက်ထပ် တိုက်စစ်မှူးသစ်တစ်ဦးကိုခေါ်ယူလိုတယ်လို့ ဆိုပါတယ်။

မန်ယူအကယ်ဒမီထွက်ရက်ရှ်ဖို့ဟာ အသင်းအတွက် ၃၀၄ ပွဲကစားပြီး ၉၃ ဂိုးသွင်းပေးထားနိုင်ပါတယ်။ လက်ရှိပီအက်စ်ဂျီအသင်းရှေ့တန်းမှာ မက်ဆီ၊ နေမာ၊ ဘာပေနဲ့ အက်ကီတီကီတို့ရှိနေတာတောင် အသက် ၂၄ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးကိုခေါ်ချင်နေတာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုဘယ်သူပိုကောင်းလဲလို့ ရက်ရှ်ဖို့ကိုမေးမြန်းရာမှာတော့ ရက်ရှ်ဖို့က “မက်ဆီလုပ်ပြတဲ့တစ်ချို့အရာတွေက အရမ်းအံ့ဩစရာကောင်းပါတယ်။ ကျွန်တော်က ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ယောက်ဆိုပေမယ့် မက်ဆီကတော့ ကမ္ဘာ့အကြီးကျယ်ဆုံးကစားသမား ဖြစ်ပါတယ်။

မက်ဆီက နေရာလွတ်တွေရှာသွားတာက ကြောက်စရာတောင် ကောင်းပါတယ်။ မယုံနိုင်စရာလည်း ကောင်းပါတယ်။ သူနဲ့ပထမဆုံးအကြိမ်ရင်ဆိုင်တွေ့တော့ မက်ဆီက အများကြီးမလှုပ်ရှားပေမယ့် သူ့ခြေစွမ်းကို တစ်ကွင်းလုံးမှာတွေ့နေရတယ်။ သူကတစ်သင်းလုံးကို ကြိုးကိုင်ထားတာပါ”ဟု ရက်ရှ်ဖို့က ပြောဆိုလိုက်သည်။

Leave a Reply

Your email address will not be published.