သတင်းထွက်ရင်တော့မန်ယူနဲ့အရင်ဆုံးပါပဲ နောက်ဆုံးမှသာအခြားသင်းနဲ့စာချုပ်ချုပ်သွားကြတာ

ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်လူဒီယွန်းအတွက် ဘာစီလိုနာအသင်းတောင်းဆိုတဲ့ဈေးအတိုင်း ပေးချေသွားမှာဖြစ်တာကြောင့်အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့က သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ဒီယွန်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေက ဆက်တိုက်ထွက်ပေါ်နေပြီး သူ့ကိုခေါ်ယူဖို့မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းကယူနိုက်တက်ထက် လက်ဦးမှုရယူပြီးတော့ ဒီယွန်းကိုခေါ်ယူဖို့နီးစပ်နေပြီဖြစ်ပြီးလာမယ့်ရက်ပိုင်းအတွင်း ဘာစီလိုနာနဲ့သဘောတူညီမှုရတော့မှာဖြစ်ပါတယ်။

စပိန်အားကစားသတင်းစာ Sport က ချယ်လ်ဆီးအသင်းဟာ ဒီယွန်းအတွက်ဘာစီလိုနာအသင်းတောင်းဆိုထားတဲ့ ပေါင်(၆၈.၈)သန်းပေးပြီးတော့ကမ်းလှမ်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာအခုနွေရာသီအပြောင်းအရွှေ့မှာ ဒီယွန်းကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီးဒီယွန်းရဲ့အေးဂျင့်နဲ့လည်း မကြာခဏဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။

ချယ်လ်ဆီးမတိုင်ခင်က ယူနိုက်တက်အသင်းဟာ ဒီယွန်းကို ပေါင်(၆၃)သန်းနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့သဘောတူညီမှုရခဲ့ပေမယ့်လည်း ကစားသမားကချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ယူနိုက်တက်အသင်းဆီ မပြောင်းလိုတာကြောင့် အဆင်မပြေခဲ့ပါဘူး။

Leave a Reply

Your email address will not be published.