စနေနေ့ဘရန့်ဖိုဒ်နဲ့ကစားမယ့်ပွဲမှာ ဒီကစားသမားတွေကို အသုံးပြုပေးပါလို့ တောင်းဆိုလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ရီယိုဖာဒီနန်ဟာယခုအပတ်အကုန်တွင်ဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင်မန်ချက်စတာယူနိုက်တက်အနေဖြင့်ဘယ်လိုပွဲထွက်လာသင့်သလဲဆိုတာပြောကြားလာပါတယ်။

ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ဟာသူ့ရဲ့အိုးထရက်ဖို့ဒ်ပထမဆုံးပွဲစဉ်တွင်ဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယူနိုက်တက်ဟာပါစကယ်ဂရော့စ်ရဲ့သွင်းဂိုးနှစ်ဂိုးကြောင့်ပထမပိုင်းမှာပင်၂-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီးဒုတိယပိုင်းတွင်အလစ်စတာရဲ့OGကြောင့်နှစ်သိမ့်ဂိုးတစ်ဂိုးရခဲ့ပါတယ်။

ယူနိုက်တက်ဟာရာသီကြိုခြေစမ်းပွဲများတွင်အကောင်းဆုံးပုံစံပြသခဲ့ပေမဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင်ရှုံးနိမ့်ပြီးနောက် ယမန်နှစ်ကပြဿနာမျိုးပြန်ကြုံလာရပြီလို့ပြောဆိုနေကြပါတယ်။ယူနိုက်တက်ဟာယခုအပတ်အကုန်တွင်ဘရန့်ဖို့ဒ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်းပွဲမှာဖိအားကျဆင်းရေးအတွက်မဖြစ်မနေအနိုင်ယူရန်လိုအပ်နေပါတယ်။

ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်၆ကြိမ်ဆွတ်ခူးခဲ့တဲ့ရီယိုဖာဒီနန်ဟာယူနိုက်တက်အနေဖြင့်မဖြစ်မနေအနိုင်ယူရမယ့်ဘရန့်ဖို့ဒ်နှင့်ပွဲတွင်ဘယ်လိုပွဲထွက်လာသင့်သလဲဆိုတာအကြံပြုလာပါတယ်။

ရီယိုဖာဒီနန်ဟာယခုနွေရာသီတွင်အသင်းပြောင်းခွင့်တောင်းဆိုနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုတိုက်စစ်မျှားဦးတွင်အသုံးပြုလာပြီးဘယ်တောင်ပံတွင်ရက်ဖို့ဒ်ကိုလည်းကောင်း၊ညာတောင်ပံတွင်ဆန်ချိုကိုလည်းအသုံးပြုသင့်ကြောင်းဆိုသွားပါတယ်။

ဒါ့အပြင်အင်္ဂလန်နောက်ခံလူဟောင်းကကွင်းလယ်တွင်ဖာနန်ဒက်စ်နှင့်အဲရစ်ဆင်တို့ကိုတွဲကစားစေပြီးကွင်းလယ်အဖျက်အဖြစ်ဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ကိုအသုံးပြုရန်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ဘရိုက်တန်နှင့်ပွဲတွင်ခြေစွမ်းမပြနိုင်မှုကြောင့်ဝေဖန်ခံခဲ့တဲ့ဖရက်နှင့်စကော့မက်တိုမီနေးတို့ကတော့ဖာဒီနန်ရဲ့လူစာရင်းတွင်ပါဝင်လာကြခြင်းမရှိပါဘူး။မာတီနက်ဇ်ဟာဗဟိုနောက်ခံလူအဖြစ်သာမကကွင်းလယ်အဖျက်နေရာမှာလည်းကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။

ရီယိုဖာဒီနန်ဟာနောက်တန်းတွင်တော့လုခ်ရှော၊မက်ဂွိုင်းယား၊ဗာရန်းနှင့်ဒါလော့တို့ကိုအသုံးပြုစေပြီးဂိုးသမားအဖြစ်ဒီဂီယာကိုပဲကစားစေခဲ့ပါတယ်။ရီယိုဖာဒီနန်ရဲ့ယူနိုက်တက်ပွဲထွက်လူစာရင်းကို ပရိသတ်များကလည်းလက်ခံကြကာဘရန့်ဖို့ဒ်နှင့်ပွဲတွင်ယင်းသို့ပွဲထွက်လာရန်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကိုတိုက်တွန်းနေကြပါတယ်။

Leave a Reply

Your email address will not be published.