အာဆင်နယ်နဲ့ မန်ယူတို့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ လီဆန်ဒရိုမာတီနက်ဇ်အတွက် ဈေးသတ်မှတ်ပေးလိုက်တဲ့ အေဂျက်ဇ်

အာဆင်နယ်နဲ့ မန်ယူတို့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ လီဆန်ဒရိုမာတီနက်ဇ်အတွက် ဈေးသတ်မှတ်ပေးလိုက်တဲ့ အေဂျက်ဇ်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်အတွက် အေဂျက်ဇ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဈေးသတ်မှတ်ပေးလိုက်ပါတယ်။

မာဆေးအသင်းဟာ အာဆင်နယ်နောက်ခံလူ နူနိုတာဗာရက်စ်၊ ဖူဟမ်အသင်းက ဂိုးသမား လီနိုတို့ကိုခေါ်ယူလိုနေပြီး နောက်ခံလူဘန်ဘယ်လက်ဒ်ကလည်း ဘန်လေအသင်းဆီ ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဂန်းနားတို့ဟာ ဘယ်နောက်ခံအဖြစ်ရော ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ချိတ်ဆက်နေကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ နောက်ခံလူတွေအဖြစ် ဘန်ဝှိုက်၊ ဂါဘရီရယ်၊ ဆလီဘာနဲ့ ဟိုးဒင်းတို့ကို ပိုင်ဆိုင်ထားပါတယ်။ ကစားသမားသစ်ခေါ်ယူမှုအနေနဲ့ ပေါ်တိုအသင်းက ဖေဘီယို ဗီအဲရာ၊ ဆောပေါ်လိုအသင်းက မာကွင်ဟိုတို့ကိုခေါ်ယူထားပြီးပြီဖြစ်ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဂါဘရီရယ်ဂျေဆုကိုလည်း ပေါင် ၄၅ သန်းနဲ့ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိထားပြီးပြီဖြစ်ပါတယ်။

နောက်ထပ်ခေါ်ယူဖို့ နီးစပ်နေတဲ့ ကစားသမားကတော့ လိဒ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာဖြစ်ပါတယ်။ တစ်ဘက်မှာ မန်ယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့ ရာသီအလှူပေးခဲ့တဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့ မာတီနက်ဇ်ကို ခေါ်ယူလိုနေတာပါ။

နည်းပြသစ်အဲရစ်တန်းဟက်ဂ်က အေဂျက်ဇ်မှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းကို အိုးထရက်ဖိုဒ့်မှာ ပြန်လည်ပေါင်းစည်းလိုနေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အေဂျက်ဇ်ကစားသမားတော်တေ်ာများများကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး တောင်ပံကစားသမား အန်တိုနီနဲ့ နောက်ခံလူ ဂျူရီရန်တင်ဘာတို့လည်း ပါဝင်နေပါတယ်။

ကွင်းလယ်အတွက် ဘာစီလိုနာကစားသမား ဖရန်ကီဒီဂျောင်ကို ကမ်းလှမ်းထားကာ သူကလည်း အေဂျက်ဇ်ကစားသမားဟောင်းပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *