အချိုးမပြေရင် ရောင်းချခံရမှာဖြစ်ကြောင်း နေမာကို ဒဲ့သတိပေးလိုက်တဲ့ ပီအက်စ်ဂျီဉက္ကဌ

အချိုးမပြေရင် ရောင်းချခံရမှာဖြစ်ကြောင်း နေမာကို ဒဲ့သတိပေးလိုက်တဲ့ ပီအက်စ်ဂျီဉက္ကဌ

ပီအက်စ်ဂျီဉက္ကဌ နဆာ အယ် ခလီဖီက ကလပ်အသင်းမှာ နေမာအပါအဝင် Bling Bling လုပ်နေကြတဲ့ ကစားသမားတွေအနေနဲ့ ဒီနွေရာသီမှာ ရောင်းချခံသွားရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ Parisians ပီသတဲ့ ကစားသမားတွေနဲ့သာ ရှေ့ဆက်သွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်ဝမ်းချန်ပီယံဆုကြီးကို (၁၀) ကြိမ်အထိ အကြိမ်ကြိမ်ဆွတ်ခူးထားနိုင်ပေမယ့် ယခုထက်ထိ ဉရောပ အောင်မြင်မှုကို မဆွတ်ခူးနိုင်သေးဘူးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အထိ ယုံကြည်ချက်ပြင်းထန်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် (၁၆) သင်းအဆင့်ကနေ ထွက်ခဲ့ရတာပါ။

အသင်းမှာ နေမာ၊ မက်ဆီ၊ အမ်ဘတ်ပီတို့လို တိုက်စစ်မှူးတွေရှိပေမယ့် ဉရောပမှာ အောင်မြင်မှုမရခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ အပြောင်းအလဲများစွာပြုလုပ်နေပြီး အမ်ဘတ်ပီကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့သလို၊ အားကစားဒါရိုက်တာနေရာလည်း အပြောင်းအလဲပြုလုပ်ထားတာဖြစ်ပါတယ်။

အင်္ဂါနေ့ကပြင်သစ်သတင်းဌာန Le Parisien နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပီအက်စ်ဂျီဉက္ကဌက – ကျနော်တို့ အသင်းကို ချစ်တဲ့ကစားသမားကိုပဲ လိုအပ်ပါတယ် အသင်းအတွက် တိုက်ပွဲဝင်မယ့်သူ အနိုင်ရလိုစိတ်ပြင်းထန်တဲ့သူပါ

ဒီလိုစိတ်ပိုင်းဆိုင်ရာ ခံယူထားတဲ့ ကစားသမားကိုပဲလိုချင်ပါတယ် (နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး) ကျနော် ခင်ဗျားကို ပြောနိုင်တာက ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ခဲ့တာထက် ပိုတဲ့ စွမ်းဆောင်ရည်ကို ကစားသမားတိုင်းကနေလိုချင်ပါတယ် သူတို့အားလုံးအသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်ရပါမယ် ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ လုံလုံလောက်လောက်မကောင်းခဲ့ကြပါဘူး ဒါကြောင့် နောက်ရာသီမှာ နေ့တိုင်း ၂၀၀ ရာခိုင်နှုန်း အလုပ်လုပ်ဖို့ လိုပါတယ် မလိုအပ်ပဲ ဒဏ်ရာရတာတွေ ပွဲပယ်ထိတာတွေ ပွဲရလဒ်ကိုပြောင်းစေမယ့် ပြစ်ဒဏ်ကျူးလွန်မှုတွေ မလုပ်ဖို့လိုပါတယ်

အသင်းအတွက် မပေးဆပ်ပဲ ယောင်ဝါးဝါးလုပ်နေတဲ့ ကစားသမားမှန်သမျှကို ကျနော်တို့ ရောင်းထုတ်သွားမှာပါလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *