ဇာတိမြေက ရွာလေးကို ကျောင်း၊ ဆေးရုံတွေအပြင် 4G တာဝါတိုင်ပါ ဆောက်ပေးလိုက်တဲ့ မာနေး

ဇာတိမြေက ရွာလေးကို ကျောင်း၊ ဆေးရုံတွေအပြင် 4G တာဝါတိုင်ပါ ဆောက်ပေးလိုက်တဲ့ မာနေး

လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယို မာနေးဟာ သူ့ရဲ့ မွေးရပ်မြေရွာလေးကို ကျေးဇူးဆပ်မှုတစ်ခု ထပ်မံပြုလုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ရက်ကမှ Orange ဆက်သွယ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ မာနေးဟာ သူတို့ရွာလေးအတွက် 4G ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အပြောင်းအရွှေ့သတင်းပေါင်းများစွာနဲ့ ဂဏန်းမငြိမ်ဖြစ်နေတဲ့ မာနေးအနေနဲ့ မွေးရပ်မြေကိုတော့ မမေ့ထားပဲ ကျေးဇူးဆပ်မှုတွေအကြိမ်ကြိမ်ပြုလုပ်နေတာဖြစ်ပါတယ်။ ဆီနီဂေါပြည်သူတွေကလည်း မာနေးကို သူရဲကောင်းသဖွယ်ချစ်ခင်ကြတာပါ။

မာနေးဟာ ဆီနီဂေါနိုင်ငံကို အာဖရိကဖလား ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲနိုင်အောင် ကူညီပေးထားသူဖြစ်ပြီး လာမယ့် ကာတာကမ္ဘာ့ဖလားကိုလည်းဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

ရွာမှာ မာနေးဟာ ကျောင်းတွေ ဆေးရုံတွေကိုလည်း တည်ဆောက်ပေးထားပါသေးတယ်။ ရွာထဲက ပညာရေးဘက်မှာ ထူးချွန်တဲ့ ကလေးတွေကိုလည်း ဒေါ်လာ ၅၀၀ တန်တဲ့ လက်ပ်တော့တွေဝယ်ပေးထားကာ ပညာဆက်လက်သင်ယူစေထားတာဖြစ်ပါတယ်။ ဘောလုံးဝါသနာပါတဲ့ ကလေးတွေကိုရော မာနေးက မြေတောင်မြှောက်ပေးလျက်ရှိပါတယ်။

တကယ့်ကို ကောင်းမွန်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ဆက်လက်ပြီးသူဟာ ရွာမှာ ဓာတ်ဆီဆိုင်တစ်ဆိုင်တည်ဆောက်ပေးဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ရွာကို မြို့ငယ်လေးတစ်မြို့သဖွယ်စည်စည်ကားကားဖြစ်လာအောင် ရည်ရွယ်နေတာပါ။

ဆက်လက်ပြီး ဆာဒီယိုမာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သုံးနှစ်စာချုပ်သက်တမ်းချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရသဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဂျာမာန်ထိပ်သီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းကို နှစ်ကြိမ်တိတိ ကမ်းလှမ်းခဲ့မှုက ပယ်ချခံလိုက်ရကာ ယခုအခါမှာတော့ ပေါင် ၃၅ သန်းနဲ့ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ဖေဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ မာနေးအသင်းက ထွက်ခွာချင်နေတာကို သိတာကြောင့် ရောင်းချသွားမှာဖြစ်ပေမယ့် လိုချင်တဲ့ ပြောင်းရွှေ့ကြေးပမာဏကို စောင့်ဆိုင်းနေခဲ့တာဖြစ်ကာ ယခုအခါမှာ ဆွေးနွေးမှု နောက်ဆုံးအဆင့်ဆီ ရောက်ရှိသွားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *