မဖြစ်နိုင်တော့ပေမယ့် အသင်းကို ရသလောက်ဆွဲတင်ပေးနေရှာတဲ့ ဝိန်းရွန်နီ

ဒါဘီ အသင်းကတော့ ဖူလ်ဟမ် အသင်းကို အရှုံးကနေ အနိုင်ကစားပြီး သူတို့အိမ်ကွင်းမှာ ပရီးမီးယားလိဂ် အောင်ပွဲခံပါတီမလုပ်နိုင်အောင် တားဆီးသွားခဲ့ပါတယ်။

ဒါဘီ အသင်းဟာ ဒီပွဲမှာ ကာဗယ်လ်ဟို ရဲ့သွင်းဂိုးကြောင့် ဖူလ်ဟမ် အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ပလန့်ခ်ျရဲ့ချေပဂိုး၊တိုဆင်ရဲ့ကိုယ့်ဂိုးကိုယ်တို့ကြောင့် (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်က လွတ်မယ့် မျှော်လင့်ချက် အသက်ရှင်နေတာလည်းဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းကတော့ ဒီရာသီ ပထမဆုံးအကြိမ်(၂)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ဒါဘီ အသင်းဟာ တန်းဆင်းဇုန်အထက်က ရီးဒင်း အသင်းအနိုင်ရခဲ့တဲ့ အတွက် ရမှတ်(၁၁)မှတ်ကွာဟနေတာဖြစ်ပါတယ်။

ဝိန်းရွန်နီ က “ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ သိပေမယ့် ကျွန်တော်တို့ အနိုင်ရမယ်ဆိုတာကို ယုံကြည်ပါတယ်။ရီးဒင်း အသင်းရဲ့နောက်ဆုံးမိနစ် သွင်းဂိုးကို ကျွန်တော်မြင်လိုက်တဲ့ အခါမှာ လူငယ်ကစားသမားတွေ စွမ်းအင်တွေလျော့သွားမှာကို စိုးရိမ်မိခဲ့ပါတယ်”

“ကျွန်တော်တို့ ကစားသမားတွေကို ဖိအားအနည်းငယ်ပေးခဲ့ပြီး သူတို့တကယ်ရုန်းခဲ့ကြပါတယ်။ကျွန်တော့်အသင်းကို ကျွန်တော်ကိုယ်တိုင်ရောင်ပြန်ဟပ်စေချင်တာပါ။စိတ်ဓါတ်ဆိုတာ ကျွန်တော်ဂုဏ်ယူစရာအကောင်းဆုံးအရာပါ။အဲ့ဒါဟာ သင်ကြားရ အခက်အခဲဆုံးပါပဲ”

ဒါဘီ အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ကျုပီအာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကိုလည်း အနိုင်ရအောင် ကစားမယ်လို့ ဝိန်းရွန်နီ က ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *