နလန်မထူဖြစ်နေတဲ့ မန်ယူကိုဝယ်ယူဖို့ တိုက်တွန်းခံလိုက်ရတဲ့ Space Xနဲ့ Tesla တို့ရဲ့CEO



















ဖောျပွခကြျအရ သိရပါတယျ။

zawgyi

ယူနိုက်တက်ကို ဝယ်ပြီး ဆုဖလားရအောင် ကူညီပေးဖို့ Elon Musk ကို တိုက်တွန်း

မန်ချက်စတာ ယူနိုက်က် ပရိသတ်တွေဟာ ယခုအပတ်မှာ ဂလေဇာမိသားစုကို

ဆန့်ကျင်ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ပရိသတ်တွေ ချစ်မြတ်နိုးခြင်းမရှိတဲ့

အသင်းပိုင်ရှင်ဟာ လွန်ခဲ့တဲ့ ( ၁ ) နှစ်ကျော်က ပေးထားတဲ့ ကတိတွေကို

အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ TalkSport ရဲ့ ရုပ်သံအစီအစဉ်

တင်ဆက်သူလည်းဖြစ်၊ ယူနိုက်တက် ပရိသတ်လည်း ဖြစ်တဲ့ Andy Goldstein ကတော့

ဘီလီယံနာ အီလွန်မက်အား မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့

ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။

Goldstein က တွယ်တာမှတစ်ဆင့် မက်အား သူ့ရဲ့ ပိုက်ဆံတွေနဲ့ ယူနိုက်တက်ကို

ဝယ်ယူပြီး ကစားသမားတွေ ဖြည့်တင်းဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မက်ရဲ့ “ ကျွန်တော် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်။”ဆိုတဲ့ ပို့စ်အောက်မှာ

Andy Goldsteinက “ အီလွန်ရေ ၊ ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ပြန်ရုပ်သိမ်းပြီး

မန်ယူနိုက်တက်ကို ဝယ်ယူလိုက်ပါ။ ကမ္ဘာပေါ်က အကောင်းဆုံး

ကစားသမားတွေကို ဝယ်ယူဖို့ ပေါင် ( ၂ ) ဘီလီယံ အသုံးပြုလိုက်ပါ။

ဖလားတွေ အားလုံးကို သိမ်းပိုက်လိုက်ပါ။ နောက်ပြီး အဲ့ဒီအကြောင်းတွေကို

တွယ်တာမှာ ကြွားဝါပြလိုက်ပါ။”လို့ မှတ်ချက်‌ပေးထားတာဖြစ်ပါတယ်။

မက်က ပေါင် ( ၂၆၅ ) ဘီလီယံ ကြွယ်ဝတာကြောင့် ယူနိုက်တက်ကို အလွယ်တကူပဲ

ဝယ်ယူနိုင်ပါတယ်။ လက်ရှိမှာတော့ သူက တွယ်တာကို ဝယ်ယူနိုင်ဖို့

( ၄၀ ) ဘီလီယံဒေါ်လာနဲ့ ကမ်းလှမ်းထားတယ်လို့ ဂါးဒီးယန်း သတင်းဌာနရဲ့

ဖော်ပြချက်အရ သိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *