အရှက်တကွဲအကျိုးနည်းဖြစ်နေပေမယ့် မန်ယူနည်းပြလုပ်မိတာ နောင်တမရဘူးလို့ ရန်းနစ်ဆို

 

ယာယီနည်းပြရန်းနစ်က မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကို ကိုင်တွယ်ရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ကြောင်းနဲ့ လက်ရှိယူနိုက်တက်အသင်းသားတွေဟာ ဖိအားတွေနဲ့ ဝေဖန်ချက်တွေကို မခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါအပြင့် သူက မန်ယူနိုက်တက်နည်းပြလုပ်ရတာ အဆင်မပြေမှုတွေများစွာရှိပေမယ့် နောင်တမရမိကြောင်းလည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ စနေနေ့ညမှာ တန်းဆင်းဇုန်အောက်ဆုံးက နောက်ဆုံး(၅) ပွဲမှာ (၁) ပွဲသာ နိုင်ထားတဲ့ နော်ဝစ်ချ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကလည်း ရလဒ်တွေကောင်းမွန်နေတဲ့အသင်းမဟုတ်ပဲ နောက်ဆုံး (၇) ပွဲမှာ နိုင်ပွဲတစ်ပွဲသာရထားတဲ့ အသင်းဖြစ်ပါတယ်။

အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်ပြီးနောက် ယူနိုက်တက်ကစားသမားတွေဟာ ပိုမိုဆိုးရွားတဲ့ ဝေဖန်မှုတွေ ခံခဲ့ကြရပြီး သောကြာနေ့ကလည်း မန်ယူပရိသတ်အနည်းငယ်ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းရှေ့မှာ ဆန္ဒလာပြခဲ့ကြသေးတာဖြစ်ပါတယ်။

စနေနေ့ ကန်မယ့်ပွဲမတိုင်ခင်မှာ ပိုမိုကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုကြီးကိုလည်း အိုးထရက်ဖိုဒ့်ကွင်းရှေ့မှာ မြင်တွေ့ရဖွယ်ရှိနေတာပါ။ ဒါကြောင့် နည်းပြရန်းနစ်က ယူနိုက်တက်ကစားသမာတွေထဲ ဒီလိုအသင်းမျိုးမှာ ကစားရခြင်းရဲ့ ဖိအားကို မခံစားနိုင်တဲ့သူတွေရှိကြောင်းဆိုလိုက်တာဖြစ်ပါတယ်။

နော်ဝစ်ချ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်က- ဒါကြီးက ပြဿနာလားတော့ မဆိုတတ်ပါဘူး ကစားသမား သုံးလေးယောက်လောက်ကဖိအားဒဏ်ကို မခံနိုင်ကြဘူးဖြစ်နေတယ်ဗျ

စနေနေ့ပွဲကို ကျနော်တို့ အကောင်းဆုံးရင်ဆိုင်ကစားသွားကြရမှာပါ အဲ့ဒီပွဲဟာ မန်ယူနိုက်တက်ကစားသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ကာရိုက်တာကို ဆန်းစစ်မယ့်ပွဲပါပဲ ကျနော်တို့ ဇယားအောက်ဆုံးက အသင်းနဲ့ကစားရမှာပါ ကျနော်တို့ လွန်ခဲ့တဲ့အပတ်က ဘန်လေကို နိုင်ခဲ့ပါတယ် အဲ့ဒီမတိုင်ခင်မှာ ဘန်လေက အဲဗာတန်ကို နိုင်ထားတာပါ ကျနော်တို့ကျ အဲ့ဒီအဲဗာတန်ကို သွားရှုံးခဲ့ပါတယ် ကျနော်တို့တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်အောင်ပြုလုပ်သင့်နေပါပြီ

ကျနော် ဒီအလုပ် ဒီတာဝန်ကိုယူမိတာ ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး ဒါမျိုးကို ထပ်ခါထပ်ခါလုပ်မှာပါ ဒီဇင်ဘာလက ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပဲ ခင်ဗျားကြည့်ကြည့်ပါ ကျနော် ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး

ပြီးခဲ့တဲ့ရက်တွေ လတွေမှာ ကျနော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာ ပြသပြီးသွားပြီထင်ပါတယ် ကျနော်တို့ ဒီထက်ပိုတဲ့ အဆင့်အတန်းတစ်ခုကို သွားနိုင်ပါတယ် လက်ရှိမှာ ကျနော်မပျော်ရွှင်ပါဘူး အကြောင်းအရင်းက ကျနော်တို့ ဘာမှမအောင်မြင်သေးသလို မယ်မယ်ရရဘာမှဖြစ်မလာသေးလို့ပါပဲ ဆိုပြီးပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *