ချန်ပီယံလိဂ်မှာဆို ဘိုင်ယန်၊ ယူရိုပါလိဂ်မှာ ဖရန်းဖတ် ဂျာမန်ကလပ်တွေရဲ့ ငယ်နိုင်ဖြစ်နေတဲ့ ဘာစီလိုနာ

ပြောတော့ ယူရိုပါလိဂ်ယူမယ်၊ လာလီဂါချန်ပီယံလုပ်မယ်နဲ့ အိမ်ကွင်းမှာတင် အကြိတ်ခံရလို့ ပြုတ်သွားပြန်တဲ့ ဘာစီလိုနာ

ယနေ့ မနက်ယှဉ်ပြိုင်ကစားခဲ့ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက ဖရန်းကတ်အသင်းကို အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ နောက်ကျသွင်းဂိုးတွေ လိုက်လံသွင်းယူပေမယ့် ဆေးမမီတော့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ (၃-၃-၄) နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဒမ်ဘီလီ၊ အူဘာမီယန်း၊ ဖာရန်းတောရက်စ်၊ ကွင်းလယ်မှာ ပက်ဒရီ၊ ဘတ်စကွက်စ်၊ ဂါဗီနဲ့ ခံစစ်မှာ မင်ဂူးဇာ၊ အာရော်ဂျို၊ ဂါဆီယာ၊ အယ်ဘာ၊ ဂိုးသမား တာစတီဂျန်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

အဝေးကွင်းမှာ ဖရန်းကတ်အသင်းကတော့ (၃-၄-၂-၁-) ကစားကွက်နဲ့ တိုက်စစ်မှာ ဘော်ရီ၊ ကွင်းလယ်မှာ ကာမာဒါ၊ လင်စထရွန်း၊ ကိုစတစ်၊ ရိုဒီ၊ ဂျာကစ်၊ ကနက်ဖ်၊ ခံစစ်မှာ အန်ဒစ်ကာ၊ ဟင်ထရီဂါ၊ တိုရေး၊ ဂိုးသမား ထရက်ပ်တို့နဲ့ ပြန်လည်ကစားခဲ့ပါတယ်။

ပထမအကျော့ အဝေးကွင်းမှာ(၁-၁) နဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာတို့ အိမ်ကွင်းအားနဲ့ အနိုင်ကစားနိုင်မယ်ထင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပွဲအစ (၄) မိနစ်မှာ တင် ဖရန်းကတ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး လင်စရွန်းကို တားဆီးပုံကြမ်းတမ်းခဲ့တဲ့ ဂါဆီယာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ကွင်းလယ်လူ ကိုစတစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဂိုးရဖို့ အခွင့်အရေး အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးကံခေနေခဲ့တာလည်းဖြစ်ပါတယ်။ ဦးဆောင်ဂိုးထပ်ရသွားတာက ဖရန်းကတ်အသင်းပဲဖြစ်ပြီး (၃၆) မိနစ်မှာ ရာဖေးလ်ဆန်တော့ ဘိုရီက ဂိုးဧရိယာပြင်ပကနေ ရော့ကတ်ကန်ချက်နဲ့ ကန်သွင်းယူခဲ့တာပါ။

ဖရန်းကတ်အသင်းအတွက် တတိယဂိုးကို ကိုစတစ်က Brace အဖြစ် ကာမာဒါရဲ့ ပေးပို့မှုကနေ ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ (၈၄) မိနစ်မှာ ဘာစီလိုနာအသင်း (၁) ဂိုးစတင်ရခဲ့ပေမယ့် VAR နဲ့ ပြန်အစစ်မှာ လူကျွံနေခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ဂိုးရဖို့ တင်ကစားလာတဲ့ ဘာစီလိုနာအသင်း (၉၀) မိနစ်မှာ ချေပဂိုးတစ်ဂိုးစတင်ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောကန်တင်ပေးခဲ့တဲ့ ဘောလုံးကို ဂိုးဧရိယာရှေ့ ရှုပ်ရှက်ခတ်နေတဲ့ကြားက ဘတ်စကွက်စ်က ကန်သွင်းယူခဲ့တာပါ။ အချိန်ပို (၉၀ + ၁၁) မိနစ်မှာ ဒီပေးက ပင်နယ်တီကနေ နောက်ထပ်ချေပဂိုးထပ်မံသွင်းယူပေးခဲ့ပေမယ့် ဆေးမမီတော့ဘူးဖြစ်ပါတယ်။ ဘာစီလိုနာတို့ နှစ်ကျော့ပေါင်းရလဒ် (၃-၄) နဲ့ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *